ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ဟားခါး မေ ၄

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကာ အမှာစကားပြောကြားသည်။

ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ယနေ့ပြုလုပ်သည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးက ၂၀၂၂ ခုနှစ်အတွက် ပထမအကြိမ် ပြုလုပ်သည့် အစည်း အဝေးဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို မြေသယံဇာတ များကို စနစ်တကျ ခွဲဝေသုံးစွဲမှုဖြစ်စေရန်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ စီမံခန့်ခွဲနိုင်ရန်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို စနစ်တကျ စီမံခန့်ခွဲ အသုံးချနိုင်ခြင်းနှင့် နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွတ်တော်က ပြဌာန်း အတည်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ယခင်အစိုးရ လက်ထက် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ပြီး ဗဟိုကော်မတီသို့တင်ပြခဲ့သည့် အမှုတွဲများအနက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ခရိုင်၊ မြို့နယ်သို့မှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ သဘောထား တောင်းခံ လာသည့် အမှုတွဲများကို ယခုတက်ရောက်လာကြသည့် တာဝန်ရှိသူအားလုံးက လက်ရှိ အခြေ အနေနှင့် နှိုင်းယှဉ်စဉ်းစားဆုံးဖြတ်ပြီး လုပ်ထုံး၊ လုပ်နည်းများနှင့် ညီညွှတ်စေရန်အတွက် ပွင့်ပွင့် လင်းလင်း ပါဝင်ဆွေးနွေးပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြိုင်က ယခင်အစိုးရ လက်ထက်အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ပြီး ဗဟိုကော်မတီသို့တင်ပြခဲ့သည့် အမှုတွဲများအနက် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ သဘောထား တောင်းခံလာသည့် အမှုတွဲ (၄) ခု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ပြည်နယ်ကော်မတီသို့ လျှောက်ထားသည့် အမှုတွဲ (၁) ခုနှင့် အစိုးရက ခွင့်ပြုသော ဥပဒေနှင့်ညီညွှတ်သည့် အခြားလုပ်ငန်း များအတွက် ဗဟိုကော်မတီသို့ လျှောက်ထားသည့် အမှုတွဲ (၄) ခု တို့ကို အမှုတွဲတစ်ခုချင်းအလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြကာ အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင် များက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး လုံခြုံရေးနှင့်နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် ၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် စစ်ဗျူဟာ (အခြေချ)

ဟားခါးတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းတို့ အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီတွင်ပါဝင်သော ကော်မတီဝင်များ အနေဖြင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများကို သေသေချာချာ လေ့လာစေလိုကြောင်း၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ အားလုံးကလည်း လေ့လာ ဖတ်ရှုနိုင်စေရန် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စာအုပ်အဖြစ် ပြုလုပ်ပေးစေလိုကြောင်းနှင့် ခရိုင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများက ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက် စေလိုကြောင်းဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)