ပုဗ္ဗသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကျင်းပ

နေပြည်တော် မေ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနမှ “လူငယ်အင်းအား စွမ်းပကားဖြင့်၊ နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဆောင်ပုဒ်ကဲ့သို့ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ နောင်တစ် ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြက်လာစေရန်၊ ဗလငါးတန် ပြည့်စုံစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကို ယနေ့နံနက်(၈) နာရီက ပုဗ္ဗသီရိမြို့နယ်၊ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း (YGW) မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်း၌ ကျင်းပသည်။

အဆိုပါ ဟောပြောပွဲတွင်  ပြည်ထောင်စုနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသက်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအေးမင်းညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးတို့က လူငယ်များအတွက် အသီးသီးအသိပညာပေးဟောပြောခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက အသိ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း (YGW) မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်း၌ ပညာသင်ကြားနေကြသည့် လူငယ်မောင်မယ်များက မြန်မာ့သိုင်းနှင့် အေရိုးဗစ်အားကစားနည်များဖြင့် အားကစား သရုပ်ပြသခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲသို့ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်နှင့်တာဝန်ရှိသူများ၊ အဝါရောင် မျိုးဆက်သစ်လူငယ်ပရဟိတအသင်း (YGW) မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းမှ ပညာသင်ကြားနေကြသည့် လူငယ်မောင်မယ် စုစုပေါင်း (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)