မအူပင်မြို့နယ်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် အမိုးလန်ပြိုကျ ပျက်စီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး၍ ဖယ်ရှားရှင်းလင်းဆောင်ရွက်

မအူပင် မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မေလ ၃ရက်နေ့ ညနေ ၆နာရီခွဲ အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်း (၂)ကျောင်း ရပ်/ကျေးရုံး(၁)ရုံးနှင့် လူနေအိမ် (၁၅၇) လုံး အမိုးလန်ပြိုကျ ပျက်စီး ခဲ့သည့်အတွက် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက် ကျေးရွာအုပ်စု (၇) အုပ်စုရှိ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ရပ်​/ကျေးရုံး (၁)ရုံးနှင့် လူနေအိမ် (၇၃) လုံး အမိုးလန်ပြီး လူနေအိမ် (၈၄)လုံး ပြိုကျပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်‌ရပ်ကွက်/ ကျေးရွာများရှိ အိမ်ထောင်စုများထံသို့ ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံ ခန့်ခွဲ့ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစိးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်/ကွက်အုပ်ချုပ်ရေးမှူးများ စသည့် တာဝန်ရှိသူများက ကွင်းဆင်း သွားရောက်၍ လိုအပ်သည်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးသည့် လူနေအိမ်များ၊ လမ်းမကြီးပေါ်ရှိ ပြိုကျနေသည့် သစ်ပင်များ၊ လူသွားလမ်းနှင့် မလွတ်ကင်းသည့် လျှပ်စစ်ဓာတ်မီးတိုင်များ၊ သစ်ပင်သစ်ကိုင်းများအား ဖယ်ရှား ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်(မအူပင်)