အသက်မွေးဝမ်းကြောင်း အထောက်အကူပြုလုပ်ငန်း သံပန်း၊ သံဂဟေဆက်သင်တန်းပြည်မြို့၌ ဖွင့်လှစ်

ပြည် မေ ၄

ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့ မြို့နယ်ကျေးလက်ရုံး၌ ယနေနံနက် ၁၀ နာရီအချိန်၌ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက် မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း သံပန်း၊ သံဂဟေဆက်သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦးက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခရိုင် ဦးစီးမှူးဦးဟန်မြင့်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက်တက်ရောက်လာသော သင်တန်းဆရာများနှင့် သင်တန်းသားများက တစ်ဦးချင်း မိတ်ဆက်ကြပြီး၊ သင်အထောက်အကူပစ္စည်း များအား ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူးဒေါ်ခိုင်ခင်မြဝင်းက သင်တန်းသားတစ်ဦးထံပေးအပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါသင်တန်းကို ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ကျေးလက်နေ ပြည်သူများရရှိစေရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းသိရပြီး၊ အဆိုပါသင်တန်းသို့ သင်တန်းသား(၁၅)ဦး တက်ရောက်ပြီး သင်တန်း ကာလမှာ မေလ ၄ ရက်မှမေလ၂၃ ရက်နေ့အထိ (၂၀)ရက်ကြာ မြင့်မည်ဖြစ်ကြောင်းသိရသည်။

ကိုစိုးပြန်ဆက်