ဓနုဖြူ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ မြို့နယ် ကျက်သရေဆောင် ကျိုက္ကလွန်ဗွန်းစေတော်မြတ်ကြီးတွင် ယနေ့ နံနက် (၈)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးနောင်နောင်နှင့် သန့်ရှင်းရေးအဖွဲ့ဖြစ်သော သန္ဓေ/အရန်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ တံမြက်စည်းလှဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)