သတင်းများ

မုံရွာမြို့ သန့်ရှင်းသာယာလှပရေး အပတ်စဉ် စနေနေ့  စုပေါင်းသန့်ရှင်းရေး ပြုလုပ်‌နေခြင်း များအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုအားပေး
May 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော် မုံရွာမြို့ သန့်ရှင်းသာယာလှပရေး တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ  မေလ (၇)ရက်စ‌နေနေ့ နံနက်(၈)နာရီက မုံရွာမြို့ ကန်သာယာကြီးရှိ ရာပြည့်ဘုရားနှင့် ကန်သာယာကန်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး  စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်‌နေခြင်း လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများထံသို့ ကယ်ဆယ်ရေးရန်ပုံငွေနှင့် ပစ္စည်းများ ကွင်းဆင်းထောက်ပံ့ပေးအပ်
May 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးရန်ပုံငွေနှင့်ပစ္စည်းများကို ယမန်နေ့ နံနက် ၁၁နာရီအချိန်ခန့်က မြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများထံသို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
နွေရာသီ ရှမ်းရိုးရာ သိုင်း ၊ ကိန္နရာအကနှင့် ရှမ်းခေါင်းပေါင်းနည်း သင်တန်းဆင်းပွဲ ကျင်းပ
May 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ရှမ်းစကား ပရဟိတအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နွေရာသီကာလအတွင်း ဖွင့်လှစ်ခဲ့သည့် ရှမ်းရိုးရာသိုင်း၊ ကိန္နရာအကနှင့် ရှမ်းခေါင်းပေါင်း နည်းသင်တန်း ဆင်းပွဲအခမ်းအနားကို  ယနေ့မနက်  ၉  နာရီအချိန်က  မြို့နယ်အားကစားခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရော၌ မိုးရာသီ ကြက်မောက်သီးများ လှိုင်လှိုင်ထွက်၍ စျေးကောင်းရရန် မျှော်လင့်
May 07,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးပုံမှန်ရွာပြီး မိုးရာသီ ကြက်မောက်သီးများ လှိုင်လှိုင် ထွက်ရှိနေပြီး ဖြစ်ရာစီးပွားဖြစ် စိုက်ပျိူးသူ ခြံရှင်များ ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဓါတုမြေဩဇာလျော့ချသုံးစွဲနိုင်ရေးအတွက် သဘာဝမြေဩဇာကြဲပက်ခြင်း ဆောင်ရွက်
May 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဓါတု မြေဩဇာလျော့ချသုံးစွဲနိုင်ရေးအတွက် သဘာဝမြေဩဇာကြဲပက်ခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က ဝါးဘိုးချောင်းကျေးရွာ တောင်သူ(၃)ဦး၏ ကွင်းအမှတ်(၈၇၆)ရှိ ဧက(၂၀)တွင် စုပေါင်းကြဲ ပက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် သရုပ်ပြကြဲပက် စိုက်ပျိုးပွဲ ကျင်းပ
May 07,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးရာသီစိုက်ပျိုးရာ၌ မြေဆီလွှာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် သရုပ်ပြကြဲပက်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီခွဲက ရွာသစ်ကုန်းကျေးရွာရှိ တောင်သူ ဦးခင်မောင်ဝင်း၏ လယ်မြေတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၊ညံတောအင်းကျေးရွာ မြစ်ရေတင်စီမံကိန်းမှ မိုးရာသီသီးနှံ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
May 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ညံတောအင်းကျေးရွာ မြစ်ရေတင် စီမံကိန်းမှ မိုးရာသီသီးနှံ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများမှ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
တာမွေမြို့နယ်တွင် အစိုးရ ပါဠိပထမပြန် စာမေးပွဲ စတင်ကျင်းပ
May 07,2022
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားစေရန်နှင့် ပရိယတ္တိ၊ ပရိပတ္တိ သာသနာအကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့် သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂-ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ မြန်မာသီရိလင်္ကာရာမ ကျောင်းတိုက်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။