ညောင်တုန်း မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးရန်ပုံငွေနှင့်ပစ္စည်းများကို ယမန်နေ့ နံနက် ၁၁နာရီအချိန်ခန့်က မြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများထံသို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက ထိပ်ဝကြီး ကျေးရွာအုပ်စုနှင့် မြမ္မာပြာသာကျေးရွာအုပ်စုတို့ရှိ လေဘေးကြောင့် ပြိုကျနေအိမ် (၅၀)လုံး၊ အမိုးလန်နေအိမ် (၈၇)လုံး စုစုပေါင်း နေအိမ် (၁၃၇)လုံးရှိ အိမ်ထောင်စု (၁၃၇)စုမှ လူဦးရေ (၅၈၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆မျိူးပါ (၅၀)ပုံး တန်ဖိုးငွေကျပ် ၂၃၀၁၈၀ဝ၊ ဆန်ရိက္ခာ (၇)ရက်စာ ငွေကျပ် ၁၂၂၆၄၀ဝနှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၇၆၁၀၀၀ဝ စုစုပေါင်းရန်ပုံငွေကျပ် ၈၈၃၆၄၀ဝအား ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ လေဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)