ထီးချိုင့်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဓါတုမြေဩဇာလျော့ချသုံးစွဲနိုင်ရေးအတွက် သဘာဝမြေဩဇာကြဲပက်ခြင်း ဆောင်ရွက်

ထီးချိုင့် မေ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဓါတု မြေဩဇာလျော့ချသုံးစွဲနိုင်ရေးအတွက် သဘာဝမြေဩဇာကြဲပက်ခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က ဝါးဘိုးချောင်းကျေးရွာ တောင်သူ(၃)ဦး၏ ကွင်းအမှတ်(၈၇၆)ရှိ ဧက(၂၀)တွင် စုပေါင်းကြဲ ပက်ခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်တွင် မိုးစပါးစိုက်ဧက (၄၀၀၀၀)ကျော် စိုက်ပျိုးရန်လျာ ထားပြီး ယခင်နှစ်ကဓါတုမြေဩဇာများကို ပိုမိုသုံးစွဲ၍ မြေဆီလွှာပျက်စီးခြင်း၊ ဓါတုမြေဩ ဇာဈေးနှုန်း များကြီးမြင့်ခြင်း၊ သီးနှံအထွက်နှုန်းထိခိုက်မှုမရှိစေရန် ရည်ရွယ်၍ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး ဓါတုမြေဩဇာလျော့ချသုံးစွဲနိုင်ရေးအတွက် သဘာဝမြေဩဇာ ကြဲပက်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာမှ ဝန်ထမ်းများသည် မိမိတို့နယ် မြေအလိုက် မြေဆွေးပုံ၊ နွားချေးဆွေးပုံ၊ အီးအမ်ဘိုကာရှိမြေဩဇာ၊ စူပါဘိုကာရှိမြေဩဇာ၊ ကြံရွက် ခြောက်မြေဆွေးပုံ၊ ငါးအမိုင်နိုအားဆေးရည်များ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက် ပျိုးခြင်းကို စည်းရုံးပညာပေးခြင်း၊ ကွင်းပြပွဲများမှတစ်ဆင့် တောင်သူမှတောင်သူသို့ နည်းပညာ ပြန့်ပွားရေးများကို လုပ်ဆောင်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)