ဆင်ပေါင်ဝဲမြို့နယ်၊ညံတောအင်းကျေးရွာ မြစ်ရေတင်စီမံကိန်းမှ မိုးရာသီသီးနှံ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ဆင်ပေါင်ဝဲ  မေ  ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ညံတောအင်းကျေးရွာ မြစ်ရေတင် စီမံကိန်းမှ မိုးရာသီသီးနှံ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများမှ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြစ်ရေတင်စီမံကိန်းမှ ရရှိမည့် စိုက်ပျိုးရေများအား လေလွင့်မှုမရှိစေဘဲ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် ကွင်းအလိုက် တောင်သူများအလိုက် ကွင်းဆင်းစိစစ်ထားရှိမှုအပေါ် စနစ်တကျ စည်းရုံးကြီးကြပ်သွားရန်နှင့် စိုက်ပျိုးမည့်သီးနှံများအတွက် မျိုးရရှိစေရေး၊ စိုက်နည်း စနစ်မှန်ကန်စေရေး အသိပညာပေး ဆောင်ရွက်မှုများအား စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)