တံတား မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (CommunityCentre) ခန်းမတွင် အလယ်တန်းအဆင့် ကျောင်းသား / ကျောင်းသူလေးများ၏ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က နွေရာသီကျောင်း ပိတ်ရက်တွင် ကျောင်းသား / ကျောင်းသူများ အနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်စွမ်းရည် တိုးတက်မြင့်မား လာစေရန်၊ မိမိကိုယ်ကိုရှုမြင် သုံးသပ်မှုဉာဏ်ရည် အားကောင်းလာစေရန်၊ အမှားအမှန်ကိုဝေဖန် ပိုင်းခြားတတ်လာစေရန်၊ စာဖတ်ခြင်းကို လက်တွေ့အသုံးချခြင်းဖြင့် အတွေ့အကြုံနှင့် လေ့ကျင့်မှုရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ၎င်းတို့၏ စာဖတ်နိုင်စွမ်းနှင့် လျော်ညီသည့် စာအုပ်များကို ကိုယ်တိုင်ဖတ်ပြစေခြင်း၊ အပြန်အလှန်ဝေဖန်သုံးသပ်စေခြင်း များပြုလုပ်ခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား / ကျောင်းသူ(၉)ဦးတို့ ပျော်ရွှင်စွာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်( ပြန်/ဆက်)