မိုးနဲ မေ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလူထုလှုပ်ရှားမှုစု ပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည် ထောင်စုလမ်းမကြီးဘေးရှိ မောင်ခိုင်/မောင်နိုင် ဘုရားနေရာ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရောက်ရေးအသင်း၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာနေပြည်သူများ ပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် မောင်ခိုင်/မောင်နိုင် ဘုရား၊ ပြည်ထောင်စုလမ်းမကြီး လမ်းဘေး (ဝဲ/ယာ)ရှိ သစ်ပင်ချုံနွယ်များ၊ ရေကန်အတွင်းနှင့် ပတ်ပတ်လည် ခြင်ပေါက်ပွားနိုင်သည့်နေရာများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)