ကရသူရိ မေ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့တွင် ပြည်သူများကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ် ရပ်ကွက်များတွင် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအား ပူးပေါင်းပါဝင်ပေးကြပါရန်၊ အပြင်ထွက်သွားလာတိုင်းနှာခေါင်းစည်း(Mask)ကိုတပ်ဆင်ပါ၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောပေးပါ၊ နှာခေါင်းစည်း(Mask)တပ်ဆင်မထားသူများထံမှ စျေးရောင်း/ဈေးဝယ်ခြင်း မပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများ ကာကွယ်ဆေးပြီးစီးအောင် သွားရောက်ထိုးနှံကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ချက်များအတိုင်း လိုက်နာနေထိုင်ကြရန်တို့ကို အသိပေးလိုက်လံနှိုးဆော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)