မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်မိတ်ခြင်းအစီအစဉ်များ Online မှတစ်ဆင့် ဆောင်ရွက်
May 09,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် စာရေးဆရာမ နှင်းဝေငြိမ်း ရေးသားသော "ဆူးမုန်တိုင်း"စာအုပ်မိတ်ဆက်ပေးခြင်း အစီအစဉ်များကို လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာပေချစ်သူများ အနေဖြင့် စာကြည့်တိုက်သို့ လာရောက်၍ ဤစာအုပ်ထဲမှာ ရေးသားထားသည့် နာဂစ်မုန်တိုင်းထဲမှာ အသိုက်ပျက်ခဲ့ရသော ကျောင်းဆရာမိသားစုလေးကိုအခြေတည်ကာ ဘဝတူဒုက္ခသည်တို့၏ ဝရုန်းသုန်းကားဗြောင်းဆန်နေသော ဖြစ်ရပ်များ ပေါင်းဖွဲ့ပေးထားသာ သုတ၊ ရသ စာအုပ်ကောင်းများရွေးချယ်ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ Online မှတစ်ဆင့်အသုံးပြု၍ အလွယ်တကူ စာဖတ်နိုင်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးအတွက် ဝန်ထမ်းများမှ အလှည့်ကျ အစီအစဉ်ဖြင့် နေ့စဉ် Online မှ အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိသည်။