သာယာဝတီ မေ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲအဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်ကို ယနေ့မွန်းတည့် ၁၂ နာရီက သာယာဝတီမြို့၊ ကျိုက်ထိုဇောတိကာရုံပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းစာရင်းရှိစာဖြေသံဃာ (၁၄) ပါး စာရင်း ပေးထားပြီး ဖြေဆိုသံဃာ(၁၀)ပါး၊ ပထမလတ်တန်းစာရင်းရှိ သံဃာ(၆)ပါး၊သီလရှင်(၁)ပါး စာရင်းပေးထားပြီး ဖြေဆိုသံဃာ (၅) ပါး၊ သီလရှင် (၁)ပါး၊ ပထမငယ်တန်း စာရင်းရှိ သံဃာ (၁၇)ပါး၊သီလရှင်(၄)ပါး စာရင်ပေးထားပြီး ဖြေဆိုသံဃာ(၁၄)ပါး၊ သီလရှင်(၂)ပါး၊ အခြေပြုမူလတန်း သံဃာ(၁၀)ပါး၊ သီလရှင် (၃)ပါး စာရင်းပေးထားပြီး ဖြေဆိုသံဃာ(၆)ပါး၊ သီလရှင်(၂)ပါး ဝင်ရောက်ဖြေဆိုကြောင်း စာမေးပွဲများကို ဩဝါဒစရိယဆရာတော်များ၊ အထူးကြီးကြပ်ရေး ဆရာတော်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြပြီးဆရာတော်၊ သံဃာတော်နှင့် သီလရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
သာယာဝတီမြို့နယ်အတွင်း ပထမပြန်စာမေးပွဲကို မေ ၇ ရက်နေ့မှ မေ ၁၃ ရက်ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ် သာသနာရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော်