အိမ်မဲမြို့နယ် ကလေးစာဖတ်ခန်းတွင် စိတ်ကြိုက် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

အိမ်မဲ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် စိတ်ကြိုက် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကလေးငယ် ကျောင်းသား/ သူများ ဉာဏ်ရည် ဉာဏ်သွေး သွက်လက်ထက်မြတ်စေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာ ပြောရဲ၊ ဆိုရဲရှိစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စိတ်ကြိုက် ပုံပြင်ပြောပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူများ (၈)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)