သတင်းများ

တိုက်ကြီးမြို့နယ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ
May 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊အစိုးရပါဠိ ပထမပြန်စာမေးပွဲကို အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ မြို့​နယ်သာသနာ့ဗိမာန်တော်၌ ယနေ့နံနက်ပိုင်းက ကျင်းပလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
May 09,2022
ကိုဗစ်-၁၉ ကာလအတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ စိတ်ရောကိုယ်ပါ စေတနာသန့်သန့်ဖြင့် ပြည်သူ့ အကျိုးပြု ဆောင်ရွက်ခဲ့ကြသော ရခိုင်ပြည်နယ်ဒေသအသီးသီးမှ  စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကျင်းပ
May 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို မေလ ၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲတတိယနေ့ (၃၁၈)ပါး ဆက်လက်ဖြေဆို
May 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၂ ခုနှစ် အစိုးရ ပါဠိ ပထမပြန်စာမေးပွဲ တတိယနေ့အဖြစ် အမှတ်၁၃ရပ်ကွက်ကြေးတိုင် စုလမ်းရှိမာဂဓိသာ စည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့မွန်းတည့် ၁၂ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာအုပ်/စာစောင်များ လှူ ဒါန်းပွဲကျင်းပ
May 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းထားသော စာအုပ်/စာစောင်များကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များသို့ ပြန်လည်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်( ၁၀:၀၀) နာရီက ကျင်းပပြုလုပ်သည်။
ဂွမြို့ ရွှေတွင်းတူးကျေးရွာတွင် တောဆင်ရိုင်း(၅)ကောင် ဖျက်ဆီးမှုကြောင့် ကွမ်းခြံ(၂)ခြံပျက်စီး
May 09,2022
ရခိုင်ပြည်နယ်၊ ဂွမြို့၊ ရွှေတွင်းတူးကျေးရွာတွင် ယမန်နေ့ည (၁၁)နာရီအချိန်က တောဆင်ရိုင်း (၅)ကောင်ဝင်ရောက် ဖျက်ဆီးမှုကြောင့် ကွမ်းခြံ(၂)ခြံ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် ကျောင်းကုန်းကျေးရွာတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
May 09,2022
ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အနာဂတ်တွင် ယဉ်ကျေးလိမ္မာလာပြီး လူတော်၊ လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီ ဘုန်းတော်ကြီး ကျောင်းတိုက်ကြီးတွင် ယမန်နေ့မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟ (တတိယနေ့) ဘာသာရပ် သံဃာတော်များ ဖြေဆို
May 09,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟ (တတိယနေ့) ဘာသာရပ်ကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် ပုဇွန်တောင် မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ဘုရားဖြူကျောင်းတိုက်၌ စာဖြေ သံဃာတော်များ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။