အောင်မြေသာစံ မေ ၉
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အခြေခံပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဌေးအောင်(ဌေးအောင်-မန်းတက္ကသိုလ်)၊ မြို့နယ်စာရေးဆရာအသင်း (နာယက) ဦးလှဘော် (မအူပင်လှဘော်)၊ ဦးကံလှ (မောင်ခိုင်ဖြိုး)၊ မြို့နယ်ဥက္ကဋ္ဌ ဦးထွဏ်းလှအောင်နှင့် အဖွဲ့ဝင်များ၊ ပန်းချီသင်တန်းနည်းပြ ဦးရွှေမော်(ပန်းချီ-မြောက်ပြင်တော်က ကိုရွှေမော်) နှင့် သင်တန်းသား/သူများ စုစုပေါင်း ၃၅ ဦး တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ပန်းချီဆရာဦးရွှေမော်က ပန်းချီသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းကို ဆက်လက်ပို့ချပေးခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း