ရွှေကျင်မြို့တွင် ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ဖြေဆို

ရွှေကျင် မေ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  ရွှေကျင်မြို့နယ် ညောင်ဝိုင်းတရုတ်တန်းရပ်ကွက် တောင်ပိုင်း ဓမ္မရိပ်သာကျောင်းတိုက်ဓမ္မာရုံတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော် သန့်ရှင်းရေး၊ တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော  ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ပါဠိပထမပြန် (ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲကို တတိယနေ့အဖြစ်  ယနေ့မွန်းလွဲ ၁၂ နာရီ အချိန်က ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ စာမေးပွဲတွင် ပထမကြီးတန်း(၁၂)ပါး၊ ပထမလတ်တန်း(၁၂)ပါး၊ ပထမငယ်တန်း (၂၆)ပါး၊ အခြေပြုမူလတန်း(၂၁) ပါး၊ ‌စုစု‌ပေါင်း (၇၁)ပါးတို့ ဖြေဆိုလျက်ရှိသည်။ စာဖြေသံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်