တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်း ထိုးနှံပေး

တိုက်ကြီး မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများအား၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ် ရေတွင်းဖြူ ကျေးရွာအုပ်စု ထန်းပင်ကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာအတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၁၅) နှစ်မှ (၁၈) နှစ်အတွင်း ပြည်သူများ၊ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား  ဦးစားပေးအစီအစဉ်အလိုက်   ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံသူ ၃၆ ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံသူ ၂၅၀ ဦး၊ စုစုပေါင်း ၂၈၆ ဦးတို့အား တာဝန်ရှိသူများက ကာကွယ်ဆေးများထိုးနှံပေးသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေး ဝန်ထမ်းများကလည်း ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေါ်စန်းကလျာခိုင်