ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဒဂုံအရှေ့ မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ကျေးရွာ စာကြည့်တိုက်များ ရှင်သန်လည်ပတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့်ချိန်၁၂နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှဆန်းက မြေပြင်စာကြည့်တိုက်များ၏ ဆောင်ရွက်မှုအခြေအနေတို့အား ဆွေးနွေးခြင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိမွန်က မိမိတို့မြို့နယ်၌ ရပ်ကွက်/ကျေးရွာ စံညီစာကြည့်တိုက်(၉)တိုက်၏ လက်ရှိ‌စာကြည့်တိုက်များ လည်ပတ်နေမှု အခြေအနေများ၊ ကျေးရွာနေ ပြည်သူများ စာအုပ်စာစောင်များအား ငှားရမ်းဖတ်ရှုမှု အခြေအနေများ၊ စာကြည့်တိုက်တစ်တိုက်ချင်းစီ၏ ဆောင်ရွက်နေမှုတို့အား မေးမြန်းခဲ့ရာ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်/ကျေးရွာများရှိ စာကြည့်တိုက်များတွင် ကျောင်းသား/ကျောင်းသူများနှင့်‌ ဒေသခံပြည်သူများမှ စာအုပ်စာစောင် ငှားရမ်းဖတ်ရှုမှု အခြေအနေများ၊ စာအုပ်စာစောင်များ တိုးပွားရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ စာကြည့်တိုက်များ၏ ပရိဘောဂ၊ အဆောက်အဦများ အခြေအနေ၊ ဖွဲ့စည်းထားသော ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် ကော်မတီများ၏ ဆောင်ရွက်နေသော အခြေအနေများ၊ မြို့နယ်စာကြည့်တိုက်အနေဖြင့် စာအုပ်စာစောင်များ ဆက်လက် လှူဒါန်းပေးနိုင်ရေးတို့ကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာ စာကြည်တိုက်တစ်တိုက်ချင်းစီ၏ ဆွေးနွေးမှုများအ‌ပေါ် မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့မှ ပြန်လည်၍ ဆွေးနွေးပေးခဲ့ပြီးနောက် စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်ရပ်ကွက်/ ကျေရွာများမှ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီများ၊ မြို့နယ်စာရေးဆရာ အသင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်