ရေဖြူ မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူလေးများ ကာယ၊ ဉာဏစွမ်းရည် ဖွံဖြိုးတိုးတက်စေရန်၊ ကလေးငယ်လေးများဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်များမြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာပေမှအသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၃)ရက်မြောက်နေ့အဖြစ် ပို့ချလျက်ရှိသည်။
အဆိုပါ English Speaking Practiceသင်တန်းကို မေလ (၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မူလတန်းနှင့် အလယ်တန်း ကလေးငယ်များအား နည်းပြအဖြစ် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က ပို့ချပေးနေကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းသားကျောင်းသား/သူ (၂၄)ဦး တက်ရောက်လျက်ရှိပြီး မေလ (၉)ရက် နေ့မှ (၁၇)ရက်နေ့အထိ( ၈)ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရေဖြူ(ပြန်/ဆက်)