မိုင်းကိုင် မေ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ Grade-5 သင်ရိုးသစ် အတန်းတက်ရောက်ရမည့် ကျောင်းသားကျောင်းသူများ နည်းစနစ်တကျ ပညာသင်ကြားနိုင်ရန်အတွက် တစ်နိုင်ငံလုံးအနေအထားဖြင့် Grade-5 သင်ရိုးသစ်ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မိုင်းကိုင်မြို့နယ်တွင်လည်း ယမန်နေ့နေ့လည်ကစ၍ အ.ထ.က (မြတ်သီရိခန်းမ)၌ ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကိုက Grade-5 သင်ရိုးသစ် ဆင့်ပွားသင်တန်း ဖွင့်လှစ်မှုအစီအစဉ်၊ သင်တန်းသားသင်တန်းသူ ဆရာ ဆရာမများ လိုက်နာရမည့်စည်းကမ်းချက်များနှင့် နိုင်ငံတော်မှအခြေခံပညာကျောင်းများအတွက် လိုအပ်ချက်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မိုင်းကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၂၂ကျောင်းမှ Grade-5 သင်ရိုးသစ် အတန်းသင်ကြားရမည့် ဆရာဆရာမ ၂၅၈ ဦးတို့ကို သင်တန်းနည်းပြ ၂၀ ဦးဖြင့် မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ လေးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)