ပင်လောင်း မေ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက်(၁၉) နှစ်အောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားပြုဘောလုံးအသင်းအတွက် ပဏာမကစားသမား လူရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
ပဏာမကစားသမား လူရွေးချယ်နိုင်ရေးအတွက် ပင်လောင်းမြို့နယ်အတွင်းရှိ ကစားသမား ၆၀ ဦး လာရောက်အရွေးခံခဲ့ကြကြောင်း၊ လူရွေးချယ်နိုင်ရေးအတွက် ကစားသမားများအား အသင်းလိုက်ဖွဲ့စည်းပေးခြင်းဖြင့် ဘောလုံးယှဉ်ပြိုင်ကစားစေခဲ့ပြီး ပဏာမကစားသမား(၂၀)ဦး ရွေးချယ်ခဲ့သည်။ အဆိုပါ ရွေးချယ်ခံထားရသည့် ကစားသမားများကို လာမည့် မေ ၁၆ ရက် ၁၇ ရက်နေ့တွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ဟိုပုံး၊ ဆီဆိုင်မြို့နယ်တို့မှ ရွေးချယ်ထားသည့် ပဏာမကစားသမားများနှင့် ထပ်မံသွားရောက်အရွေးချယ်ခံမည်ဖြစ်ကြောင်း၊ ထပ်မံအရွေးချယ်ခံရပါက တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် အသက်(၁၉)နှစ်အောက် ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘောလုံးပြိုင်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားပြု ဘောလုံးအသင်းတွင် ပါဝင်ကစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ခွန်အာကာစိုး