ပုဗ္ဗသီရိမြို့နယ်တွင် Green City၊ Clean City၊ Smart City အဖြစ် ဖော်ဆောင်ရန် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

ပုဗ္ဗသီရိ မေ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် Green City, Clean City, Smart City အဖြစ် ဖော်ဆောင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က "ပုဗ္ဗသီရိ မြို့နယ်တွင် Green City, Clean City, Smart City အဖြစ် တိုးတက်အောင် ဆောင်ရွက်ရာတွင် မြေများကို စနစ်တကျ ထိထိရောက်ရောက်အသုံးချ၍ စိုက်ပျိုးရေးကို အလေးထားဆောင်ရွက်ရန်၊ ရာသီမရွေးသီးနှံများကို သီးထပ်သီးညှပ်များဖြင့် စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ရန်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် သက်ဆိုင်ဌာနများနှင့် ပူးပေါင်း၍ လယ်ယာမြေပေါ်တွင် မြေကွက်လပ်မရှိ ခွင့်ပြုသီးနှံများအား စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ရန်၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း လယ်ယာမြေဥပဒေများအကြောင်း နားလည်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် သက်ဆိုင်ဌာနများက မိမိတို့နှင့် သက်ဆိုင်သည့် အပိုင်းများအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ပြည်သူများကလည်း သိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)