ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အ.ထ.က (ရွှေလောင်း) ကျောင်းဆောင်သစ် တက်ရောက် ဖွင့်လှစ်ပေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ဝါးခယ်မ  မေ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု ..က(ရွှေလောင်း) ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ညနေ နာရီခွဲက အဆိုပါကျောင်း၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေ၊ RC နှစ်ထပ်ကျောင်းဆောင်သစ် (ကစ္ဆပနဒီဆောင်)ကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၃၃၀ သိန်းဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပြီး ကျောင်းဆောင်သစ်အား လှည့်လည် ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရွှေလောင်းကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခြေခံပညာ သင်ကြားမှု သင်ယူမှုဆိုင်ရာများ၊ ယခုပညာသင်နှစ်အတွင်း ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်စေရေး ကိစ္စရပ်များ၊ ဆရာ၊ ဆရာမများအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများမှ တစ်ဆင့် ကလေးငယ်များအား အရည်အသွေး ပြည့်ဝသော သင်ကြားမှုများ ထိရောက်စွာ သင်ကြားပို့ချနိုင်စေရေး၊ ကလေးငယ်များ အနေဖြင့် အခြေခံပညာသာမက ဘက်စုံ ထူးချွန်ထက်မြတ်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရေး ပြုစုပျိုးထောင်မှု ဆိုင်ရာများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရွှေလောင်းကျေးရွာ ပြည်သူများ၏ ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမင်း က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းသုံး ဗလာစာအုပ်များ၊ နှာခေါင်းစည်း (mask) များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)