ဘူးသီးတောင်မြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

ဘူးသီးတောင် မေ ၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သစ်တော သစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက်(၈) နာရီအချိန်က ဘူးသီးတောင်-မောင်တောသွားရာ လမ်းအကောက်ခွန်ကင်းစခန်းဝင်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအား ကျင်း ပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဘူးသီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် အရာရှိ၊ အရာခံ၊  တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းနိုင်နှင့် ဝန်ထမ်းများမှ အမြင့်(၂)ပေနှင့်အထက်ရှိသော မန်ဂျန်ရှား၊ပျဥ်ကတိုး၊ မယ်ဇလီ ပျိုးပင်များအား ပေးအပ်ရာ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးထွန်းထွန်းဝင်း၊ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ လက်ခံရယူခဲ့ကြပြီး သက်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး ဘူးသီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း၊ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင် စိုက်ပျိုး ပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

 အဆိုပါမိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အထိမ်းအမှတ်အဖြစ် မန်ဂျန်ရှား(၁၅၀)ပင်၊ ပျဉ်းကတိုး( ၅၀)ပင်၊ မယ်ဇလီ(၅၀)ပင် စုစုပေါင်း (၂၅၀)ပင်တို့အား သီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် အရာရှိ၊ အရာခံ၊ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများစုစုပေါင်း (၁၉၇)ဦးခန့် တက်ရောက်ပြီး တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လှကျော်