မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 21,2022
မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှကင်းဝေးစေရေး၊ ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များအမှိုက်များ၊ ရေစီးရေလာ ကောင်းမွန်စေရေးရေမြောင်းများပြန်လည် တူးဖော်ခြင်းများ၊ ကျောင်းဆောင်များသန့်ရှင်းရေးပြုလုပ်ခြင်းများအား ယနေ့နံနက် ၇ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ အမှတ်(၃)အခြခံ ပညာအထက်တန်း ကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။