ပေါက်ခေါင်းမြို့နယ်တွင် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းသဖြင့် နေအိမ်များအမိုးလန်ပျက်စီးပြိုလဲ၍ လူတစ်ဦးထိခိုက်ဒဏ်ရာရရှိ

ပေါက်ခေါင်း    မေ   ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းအချိန် က လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းသောကြောင့် လူနေအိမ်များအမိုးလန်ပျက်စီးပြိုလဲပြီး၊ သစ်ပင်ကျိုးကျသဖြင့် လူတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓမ္မသော်ကျေးရွာတွင် နေအိမ် ()လုံး အမိုးလန်ပျက်စီး၊ စမ်းစုကျေးရွာတွင် နေအိမ်()လုံး အမိုးလန်ပျက်စီးနှင့်၊ ထောင်ရကျေးရွာတွင် လူနေအိမ်()လုံး အမိုးလန်ပျက်စီးပြီး၊ လူနေအိမ်()လုံး ပြိုလဲပျက်စီးခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စုဝင်များအား အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများမှ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လေပြင်းများတိုက်ခတ်၍ မိုးရွာနေစဉ် ပိန်းတောကျေးရွာနေ မောင်ဇင်မျိုးနိုင်သည် နွားကျောင်းရာမှ နေအိမ်သို့ပြန်လာစဉ် ရွာအဝင်ရှိကုက္ကိုပင်မှာ  အကိုင်းကျိုးကျ၍ လူပေါ်သို့ပိမိရာ (ခါးအောက်ပိုင်းလှုပ်မရ) ဒဏ်ရာရရှိသဖြင့် ပေါက်ခေါင်းမြို့နယ်ဆေးရုံမှ ပြည်မြို့နယ်ဆေးရုံသို့ လွှဲပြောင်းဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)