ဟုမ္မလင်းမြို့နယ် ကက်သာကျေးရွာတွင် လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား

ဟုမ္မလင်း  မေ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာတွင် ဦးမောင်ကြံ  အသက်(၅၀)နှစ် နေအိမ်တွင် ယမန်နေ့နေလည် () နာရီအချိန် က အိမ်ခေါင်သွပ်မိုးပေါ်တွင် တပ်ဆင်ထားသော ဆိုလာပြားမှ အပူလွန်ကဲပြီး ဝါယာလျော့ဖြစ်ကာ အိမ်မကြီးသို့ မီးကူးစက်မှုစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ ကက်သာနယ်မြေစခန်းတာဝန်ခံ၏ တယ်လီဖုန်းဖြင့် သတင်းပေးပို့မှုဖြင့် ဟုမ္မလင်းမြို့နယ် (သန္ဓေ)မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်()စီး၊ ကျေးရွာနေပြည်သူများက စုပေါင်းဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လည် (၂:၄၅)မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါလူနေအိမ်မှာ ပျဉ်ခင်း/ပျဉ်ကာ/သွပ်မိုး လူနေအိမ်()လုံးဖြစ်ပြီး၊ ဆုံးရှုံးမှုတန်ဘိုးမှာ ငွေကျပ် (၇၆၀၀၀၀)ကျပ်ရှိပြီး လူ၊ အသေပျောက်မရှိကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)