ရွှေကူမြို့၌ တောင်သူလယ်သမားများ လက်ဝယ်အရောက် မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေထုတ်ချေးပေး
May 20,2022
နိုင်ငံသားများ၏ စားနပ်ရိက္ခာလိုအပ်ချက် ဖူလုံရေး၊ မြန်မာ့လယ်ယာထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေး၊ တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးရာသီစိုက်ပျိုးရေး ချေးငွေများကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ မေလ ၁၆ ရက်နေ့မှစတင်၍ တောင်သူလယ်သမားများ လက်ဝယ်အရောက် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။