မြောက်ဥက္ကလာပ မေ ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉ နာရီက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီစုရပ် ဆေးထိုးစင်တာ၊ ရွှေပေါက်ကံဒေသန္တရဆေးခန်းနှင့် “က”စျေးဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသိုကာကွယ်ဆေးထိုးနှံရာတွင် Booster (Covide Shield) အသက် (၆၅) နှစ်နှင့်အထက် ထိုးနှံသူ (၈၇) ဦး၊ အသက် (၅၅)နှစ်နှင့်အထက် ထိုးနှံသူ (၁၇၇) ဦး၊ အသက် (၄၀)အထက် ထိုးနှံသူ(၂၄၅)ဦး၊ အသက်(၁၈)နှစ်နှင့် အထက်ထိုးနှံသူ(၅၄)ဦး အသက်(၁၈)နှစ်အထက် ဒုတိယအကြိမ် CoviShieldထိုးနှံသူ(၃၁)ဦး၊ အသက် ၁၅ နှစ် မှ ၁၈ နှစ် အကြား ပထမအကြိမ် Covid Shield ထိုးနှံသူ(၁၀) ဦးတို့အား ကိုဗစ်ကာကွယ် ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြ သူများကို အဆင်ပြေ ချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
လှလှထွေး