သတင်းများ

မရမ်းကုန်းမြို့နယ်တွင် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွား
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အောင်သပြေ(၂)လမ်းရှိ နေအိမ်တစ်လုံးပေါ်သို့ ယနေ့မွန်းလွဲ (၁၂:၄၀) အချိန်ခန့် က သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် အခြေခံဂီတသင်တန်းဖွင့်လှစ်
May 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှစ်ခိုးကျောင်းတွင် နွေရာသီကျောင်းပိတ်ချိန်ကာလအတွင်း ကျောင်းသားလူငယ်မောင်မယ်များက အချိန်ကိုအသုံးချတတ်စေရန်အတွက် အခြေခံဂီတသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လူငယ်/လူရွယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက စကားပုံဆက်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် Sinopharm ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Astra Zeneca) ဆက်လက်ထိုးနှံ​
May 20,2022
ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster( Actra Zeneca) ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ယနေ့နံနက် ၉နာရီက ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ပြည်သူ့ကျန်းမာ​ရေးဦးစီဌာန၊ ​ဆေး​ပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “မသန်စွမ်းသူများဆိုင်ရာ”အသိပညာပေး Talk Show ဆောင်ရွက်
May 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဒေါ်ခင်ရူပါအေး (ဒုတိယဦးစီးမှူး)က “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမြင်အာရုံချို့ယွင်းသူနှင့် အကြားအာရုံချို့ယွင်းသူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှင့် ဉာဏ်ရည်မသန်စွမ်းသူတို့ အကြောင်းကို ဖတ်ကြားပေးခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့်မြေနေရာအားကြည့်ရှု
May 20,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တ/ မြို့သစ်(၅)၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့်မြေနေရာအား
အများပြည်သူများသုံးစွဲရန်မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ပျောက်ဆေး ရောင်းချခြင်း ရှိ၊ မရှိစစ်ဆေးခြင်း
May 20,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အများပြည်သူများ သောက်သုံးရန်မသင့်သော အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမျတ်ရောင်ပျောက်ဆေးအား ရောင်းချခြင်း ရှိ၊ မရှိကို ကွင်းဆင်းစစ်ဆေးကြောင်း သိရပါသည်။