ရွှေကူမြို့၌ တောင်သူလယ်သမားများ လက်ဝယ်အရောက် မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေထုတ်ချေးပေး

ရွှေကူ မေ ၂၀

နိုင်ငံသားများ၏ စားနပ်ရိက္ခာလိုအပ်ချက် ဖူလုံရေး၊ မြန်မာ့လယ်ယာထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေး၊ တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးရာသီစိုက်ပျိုးရေး ချေးငွေများကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ မေလ ၁၆ ရက်နေ့မှစတင်၍ တောင်သူလယ်သမားများ လက်ဝယ်အရောက် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ မိုးရာသီစိုက်ပျိုးရေးချေးငွေများ ထုတ်ချေးပေးရာတွင် ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ထုတ်ချေးခဲ့သည့် မိုးရာသီစိုက်ပျိုးရေးချေးငွေ အကြေပေးသွင်းပြီးသူများ၊ ပုံစံ(၇) ရရှိပြီးသူ မိုးရာသီသီးနှံ အမှန်တကယ်စိုက်ပျိုးသူ တောင်သူများ၏ဆန္ဒအရ လုပ်ကွက်ငယ်လုပ်ကိုင်သည့် တောင်သူများအား ဦးစားပေးစနစ်ဖြင့် စပါးသီးနှံ တစ်ဧကလျှင် ကျပ် ၁၅၀၀၀ဝိ/ နှုန်းဖြင့်လည်းကောင်း၊ အခြားသီးနှံများအတွက် တစ်ဧကလျှင် ကျပ် ၁၀၀၀၀ဝိ/ နှုန်းဖြင့် လည်းကောင်း ထုတ်ချေးပေးမည်ဖြစ်ပြီး ထုတ်ချေးငွေအပေါ် တစ်နှစ်လျှင် (၅)ရာခိုင်နှုန်း အတိုးကောက်ခံသွားမည်ဖြစ်ပြီး၊ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးရာသီစိုက်ပျိုးရေးချေးငွေ ထုတ်ချေးရန်လျာထားချက်အရ ကျပ်သန်း (၁၄၀၀) ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလကုန်အထိ နောက်ဆုံးထားထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ မေလ ၂၀ ရက်နေ့အထိ တောင်သူ ၈ ဦးအတွက် ငွေကျပ် (၄၅)သိန်းထုတ်ချေးပြီးကြောင်းနှင့် မိုးရာသီစိုက်ပျိုးရေးချေးငွေများ ထုတ်ချေးရန် ဆန္ဒရှိသော တောင်သူများအနေဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်စုချေးငွေစိစစ်ရေးအဖွဲ့နှင့် မြို့နယ်ချေးငွေအကြံပေးအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးဖွင့်ရက်များအတွင်း နေ့စဉ်နံနက် (၉)နာရီခွဲ၌ ရွှေကူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ လာရောက် ထုတ်ချေးနိုင်ပါကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)