သာကေတမြို့နယ်တွင် ကာတွန်းအ​ခြေခံ​ရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

သာ​ကေတ မေ ၂၀

ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ သာ​ကေတမြို့နယ်​၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယ​နေ့နံနက်(၁၀:၀၀)နာရီအချိန်၌ ​ကာတွန်းရေးဆွဲနည်းသင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲ၌ ဆရာ​မှော်၀န်းကြည်မြတ်မှ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဆရာ ကာတွန်း​ရွှေမင်းသာမှ မုဒိတာစကား​ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကာတွန်းအ​ခြေခံ​ရေးဆွဲနည်း ဆန်းစစ်ချက်ပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲ၀င်​ကျောင်းသား၊​ ကျောင်းသူများအား ပထမဆုရရှိသည့် မ​မေသူ​ကျော်၊ ဒုတိယဆုရရှိသည့်မ​ကေဇင်ထွန်း၊ တတိယဆုရရှိသည့်​ မောင်​အောင်သူဟိန်း၊ နှစ်သိမ့်ဆုရရှိသည့် မချမ်း​မြေ့ချို၊​မောင်​ကောင်းသန့်​ကျော်တို့အား တာ၀န်ရှိသူ အသီးသီးမှဆုများ ချီးမြှင့်​ပေးခဲ့ပြီး ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်​ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ​ ဒေါ်​ဆောင်းနှင်းဖြူမှ ကာတွန်းသင်တန်းနည်းပြ ဆရာ​ရွှေမင်းသားအား ဂါရဝပြုလက်​ဆောင်ချီးမြှင့်ခဲ့ည်။

သာ​ကေတမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံးတွင် လူငယ်ဘက်စုံဖွံ့ဖြိုး​ရေး အစီအစဉ်အဖြစ်​ နွေရာသီ​ကျောင်းပိတ်ရက်ကာလတွင် ကာတွန်း​ရေးဆွဲနည်းသင်တန်းကို ဧပြီလ(၄)ရက်​နေ့မှ​ မေလ(၂၀)ရက်​နေ့အထိ ()လ သင်တန်းကို သင်တန်းသား(၅၀)ဦးဖြင့် ဖွင့်လှစ်ခဲ့​ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ