အိမ်မဲ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပွဲစားဂုံညင်းတန်းကျေးရွာအုပ်စု၊ ရိုးစောင်းကျေးရွာသို့ မြစိမ်းရောင်စီမံကိန်း ရံပုံငွေသိန်း (၃၆၀)ကျပ်ကို ယနေ့နံနက်ပိုင်းက ကျေးရွာအရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရိုးစောင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအရ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၉၁)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၀)ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၁)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁၈)ဦး စုစုပေါင်း (၉၁)ဦးတို့အား သိန်း(၃၆၀)ကျပ်ကို စတုတ္တအကြိမ်မြောက် ထုတ်ချေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း (၈၅)ယူနစ်၊ ကျေးရွာပေါင်း (၁၂၉)ရွာရှိပြီး မြစိမ်းရောင်စီမံကိန်းရံပုံငွေများကို ၂၀၂၁ ခုနှစ် သြဂုတ်လမှစတင် ကာယနေ့အထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၇၇)ယူနစ်၊ ကျေးရွာ (၁၁၆)ရွာအား ထုတ်ချေးပြီးပြီဖြစ်၍ ကျန်မြစိမ်းရောင်စီမံကိန်း (၈)ယူနစ်၊ ကျေးရွာ (၁၃)ရွာအား ဇွန်လကုန်အထိ ထုတ်ချေးသွားမည် ဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ)