ဒေါပုံမြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေး လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာ လှပရေးဆောင်ရွက်

ဒေါပုံ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေးစသည်ဖြင့် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဒေါပုံမြို့နယ် နွယ်‌အေးရပ်ကွက်၊ မင်းနန္ဒာလမ်း (သု၀ဏ္ဏတံတားအနီးရှိ)   အမြင်မတင့်တယ်‌သောအမှိုက် / မြက်ချုံများရှင်းလင်းခြင်း လုပ်ငန်းများအား အနီးအနားရှိရပ်ကွက်နေပြည်သူ (၄) ဦးနှင့်  မြို့နယ်စည်ပင်သာယာ ဝန်ထမ်းအင်အား ၂၂ ဦး၊ မြို့နယ်‌ခေတ္တ  EO တို့ဖြင့် မြို့နယ်အတွင်းရှိ လမ်းများ၏ ဘေးဘက်ဝဲယာ တစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်း၊  လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအားခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး အတွက် ဆောင်ရွက်ခြင်း၊  စသည့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒေါပုံ  မြို့နယ်အနေဖြင့်   မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက်  သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူဇာ၀င်း