သတင်းများ

လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် သာသနာ့ရိပ်သာ ရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန်ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်း ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ တို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၈)နာရီက အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များကို ဒုတိယအကြိမ် ကွင်းဆင်း၍ လိုက်လံထိုးနှံပေးလျက် ရှိသည်။
၂၀၂၂ ခုနှစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်းမိုးလုံလေလုံခန်းမ၌ ယမန်နေ့ညနေ ၄ နာရီခွဲက ၂၀၂၂ ခုနှစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
May 20,2022
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကာကွယ်တားဆီးရေးဆိုင်ရာ အသိပေးချက်များကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများကရပ်ကွက်များတွင် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် သတင်းစာဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ
May 20,2022
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ရန်ကုန်တိုင်းဒေသကြီးမှ ကြီးမှူး၍ တိုက်ကြီးမြို့နယ် သတင်းစာဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်လမ်းရှိ မြို့ဦးစိတ္တသုခဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
မိုင်းဖြတ်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ၌ သစ်ပင်​ပေါင်း(၃၀၀)စိုက်ပျိုး
May 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၂ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မိုက်ဆီကျိုင်းမွန်းဘုန်းကြီးကျောင်းရှိ သာသနာပိုင်မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ၏ ရင်တွင်းစကားသံများ
May 20,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ် -
ရမည်းသင်းမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူးပွဲကျင်းပ
May 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းရှေ့၌ ယမန်နေ့ညနေ ၄ နာရီက စိုက်ထူခဲ့ကြောင်းသိရသည်။