လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို  ယမန်နေ့နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခိုင်မင်းကိုက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ တက်ရောက်ကြပြီး ၁၉-၅-၂၀၂၂ ရက်နေ့မှ ၂၀-၅-၂၀၂၂ ရက်နေ့အထိ (၂) ရက်ကြာ ဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်၍ မြို့နယ်အဆင့် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး  အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရာ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း အခြေခံပညာ ဦးစီးဌာနမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး (၄၅)ဦး တက်ရောက်ကြောင်း သိရှိရသည်။

ခင်၀င်းမူ