ရမည်းသင်း မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်းမိုးလုံလေလုံခန်းမ၌ ယမန်နေ့ညနေ ၄ နာရီခွဲက ၂၀၂၂ ခုနှစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲကို ရမည်းသင်းမြို့နယ်ကိုယ်စားပြု (က)အသင်းနှင့် (ဂ)အသင်းတို့ယှဉ်ပြိုင်နေမှုကို ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အားကစားဝါသနာရှင်တို့ ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ရမည်းသင်းခရိုင်အတွင်း ၂၀၂၂ ခုနှစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲဆုချီးမြှင့်ပွဲကိုကျင်းပရာ ပထမရရှိသည့်အသင်း၊ ဒုတိယရရှိသည့်အသင်းနှင့် အကောင်းဆုံအားကစားသမားဆုတို့ကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက ပထမရရှိသည့် ရမည်းသင်းမြို့နယ်(က)အသင်းကို ဆုများချီးမြှင့်ပေးအပ်သည်။ ၂၀၂၂ ခုနှစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲပထမရရှိသည့်အသင်းကို ဂုဏ်ပြုဆုငွေကျပ်တစ်သိန်းနှင့် ဒုတိယရရှိသည့်အသင်းအား ဂုဏ်ပြုဆုငွေကျပ်ရှစ်သောင်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်၊ ပြန်/ဆက်)