ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ပြည်ကြီးမဏ္ဍိုင်  မေ ၂၀

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကာကွယ်တားဆီးရေးဆိုင်ရာ အသိပေးချက်များကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ရပ်ကွက်များတွင် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ရောဂါသည် ကူးစက်ပျံ့နှံ့လျက်ရှိရာ ကာကွယ်တားဆီးနိုင်ရေး သတိပြုရန်လိုကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ရှားခြင်း၊ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးသွားနိုင်ရေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုးမြတ်နန္ဒာ(ပြန်/ဆက်)