တံတားဦး မေ ၂၀
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ် -
ကျွန်တော့်အမည်က ဦးသိန်းဝင်းနိုင် ဖြစ်ပါတယ် ၊ အမှတ်(၁)ရပ်ကွက်သာဂေါင်ရပ်မှာ နေထိုင်ပါတယ် ၊ အသက်ကတော့ (၅၅)နှစ်ရှိပါပြီ ၊ အလုပ်အကိုင်ကတော့ အရောင်းအဝယ် လုပ်ကိုင်ပါတယ် ။ အတူနေ မိသားစု (၃)ဦးရှိပါတယ် ၊ (၃)ဦးစလုံးကာကွယ်ဆေးထိုးပြီးပါပြီ ၊ ကျွန်တော် ကိုဗစ်ကာကွယ်ဆေးထိုးပြီး ညောင်းညာကိုက်ခဲတာတွေ ၊ ဖျားနာတာတွေတော့ ဘာမှမဖြစ်ဘူး၊ ဒီဆေး ထိုးပြီး ပိုဝလာသလိုခံစားရတယ် ၊ ကိုဗစ်ရောဂါမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် နေထိုင် စားသောက်ကြပါ ၊ အပြင်ထွက်တိုင်းလည်းနှာခေါင်းစည်းတပ်ပြီးမှ သွားလာကြပါ ၊ လက်ကိုလည်း စနစ်တကျ ဆေးကြပါ ၊ကာကွယ်ဆေးအကြိမ်ရေပြည့်အောင်ထိုးကြပါ၊ ကာကွယ်ဆေးမထိုးနှံ ရသေးများလည်း ကာကွယ်ဆေးကိုထိုးနှံကြပါလို့ ပြောကြားချင်ပါတယ် ။
ယခုလိုကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိအောင်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံပေးပါတယ် ၊ ဒါ့အပြင် ခရီးသွားပြည်တွေကိုလည်း မြို့ဝင်၊မြို့ထွက်ဂိတ်မှာ လာရောက်ထိုးနှံပေးပါတယ် ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်အောင် ကူညီဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ၊ ကာကွယ် ဆေး မထိုးနှံရသေးတဲ့ များရှိရင်လည်း မဖြစ်မနေ လာရောက်ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။
အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် အစ်ကို့ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ။
ရဲတင့်