သတင်းများ

မိုင်းကိုင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
May 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ယနေ့မနက်ပိုင်းက စာရေးသူအောင်သင်းရေးသားသော 'အားနေသောလက်များ' စာအုပ်ဖြင့် စာဖတ် ဝိုင်းကျင်းပပြုလုပ်ရာ ပြည်သူ့စာကြည့်တိုက်၏ youth club, book club, women club အဖွဲ့ဝင်များ၊ လူငယ်လူရွယ်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် အရန်သားဖွား ဆရာမများ တက်ရောက်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲဝင်များမှ စာဖတ်ဝိုင်းကျင်းပ
May 20,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အစည်းအဝေးကျင်းပ
May 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (CoviShield) အား ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 20,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Covid Shield) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉:၀၀နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းသာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်သင်တန်း ပထမနေ့ အစီအစဉ်အဖြစ် ဖွင့်လှစ်
May 20,2022
ရန်ကင်းမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်သင်တန်းကို ပထနေ့ အစီအစဉ်အဖြစ် ယမန်နေ့ နံနက် ၉ မှ ညနေ ၃ အထိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ပြုလုပ်ခြင်းဆောင်ရွက်
May 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကလေးငယ်များ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်စေရေး၊ ပိုးလောက်လန်းများပေါက်ဖွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဌာနက ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ အသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များက ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ သိန္နီမြို့ ရပ်ကွက်(၁)တွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။
ဝန်ကြီးချုပ်ဖလား(အမျိုးသားအမျိုးသမီး)ဘော်လီဘောပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ 
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မန္တလာသီရီအားကစား ကွင်း၊ MULITIPURPOSE ခန်းမတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိခရိုင်(၇)ခရိုင်မှ ၂၅နှစ်အောက် ၀န်ကြီးချုပ်ဖလား (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်း အနားကို ယနေ့နံနက်  ၈ နာရီက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
မွန်ပြည်နယ် ၀န်ကြီးချုပ် မော်လမြိုင်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲအခမ်းအနားတက်ရောက်
May 20,2022
ကရင်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မော်လမြိုင်တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်  ၉ နာရီက မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။