သတင်းများ

(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 20,2022
(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သာကေတမြို့နယ်တွင် ကာတွန်းအ​ခြေခံ​ရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
May 20,2022
ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ သာ​ကေတမြို့နယ်​၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယ​နေ့နံနက်(၁၀:၀၀)နာရီအချိန်၌ ​ကာတွန်းရေးဆွဲနည်းသင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ နတ်တလင်းမြို့ ခရိုင်ကော်မရှင် ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 20,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ခရိုင်ကော်မရှင်ဆောက်လုပ်မည့် မြေနေရာအား ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေကူမြို့၌ တောင်သူလယ်သမားများ လက်ဝယ်အရောက် မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေထုတ်ချေးပေး
May 20,2022
နိုင်ငံသားများ၏ စားနပ်ရိက္ခာလိုအပ်ချက် ဖူလုံရေး၊ မြန်မာ့လယ်ယာထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေး၊ တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးရာသီစိုက်ပျိုးရေး ချေးငွေများကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ မေလ ၁၆ ရက်နေ့မှစတင်၍ တောင်သူလယ်သမားများ လက်ဝယ်အရောက် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
ဒေါပုံမြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေး လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာ လှပရေးဆောင်ရွက်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေးစသည်ဖြင့် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက်
မွန်ပြည်နယ် ၀န်ကြီးချုပ် မော်လမြိုင် တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ် သစ်လွင် ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲအခမ်းအနားသို့တက်ရောက်
May 20,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မော်လမြိုင်တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်  ၉ နာရီက မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ သောက်သုံးရေပြတ်လပ်လျက်ရှိသော မောင်သာကုန်းကျေးရွာသို့ သောက်သုံးရေများဖြန့်ဝေလှူဒါန်း
May 20,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ပူပြင်းသောနွေရာသီကာလတွင် ရေတွင်း၊ ရေကန်များခန်းခြောက်ကာ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့် ယမန်နေ့ နေ့လည် ၁ နာရီကအချိန်က ရေအခက်အခဲကြုံတွေ့နေရသော မောင်သာကုန်းကျေးရွာသို့မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များသွားရောက်ကာ သောက်သုံးရေများကို ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။
ဒေးဒရဲမြို့၌ သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း (၂၃၅၀၀)ပျိုးထောင်ထားရှိ
May 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်နှင့် ရာသီဥတုကောင်းမွန်မျှတစေရေး ရည်ရွယ်၍ ဒေသတွင်းစိုက်ပျိုးရန် ပျိုးပင်ပေါင်း(၂၃၅၀၀)ကို သစ်တောဦးစီးဌာနက ပျိုးထောင်ထားရှိပြီး ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် ကျောင်းများ၊ သာသနာ့နယ်မြေများတွင် စိုက်ပျိုးရန် ဒေသနှင့်ကိုက်ညီသော ပျိုးပင်များကို အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။