သတင်းများ

ဂွမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူ
May 20,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံမှုရှိစေရန် အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံမှုရှိစေရန် မြို့နယ်ပြည်သူ့ဆေးရုံ ဆေးထိုးစုရပ်တွင် ယနေ့ နံနက် ၉ နာရီက အသက် (၁၈) နှစ်အထက် ပြည်သူ ၃၃ ဦးအား ဒုတိယအကြိမ် (COVISHIELD) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကိုလည်းကောင်း၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး ၆ လပြည့်သည့် ပြည်သူ (၂၂) ဦးအား Booster Dose ကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
May 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
မော်လမြိုင်မြို့ရှိ ပညာရေးဒီဂရီကောလိပ်၊ ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ်တက်ရောက်
May 20,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉  နာရီခွဲက ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
May 20,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်၉:၃၀နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌‌ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
May 20,2022
ပြန်ကြား‌ရေးနှင့်ပြည့်သူဆက်ဆံ‌ရေးဦးစီးဌာန၊ ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန် ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲကို ယနေ့၊ ညနေ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဖျာပုံခရိုင် (၄)မြို့နယ် အသက်(၁၉)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
May 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက်(၁၉)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ကောင်းစွာအသုံးချပြီး နိုင်ငံ့အကျိုးကို တစ်ထောင့် တစ်နေရာက သယ်ပိုးထမ်းဆောင် နိုင်ကြစေရန် စသည့်ရည်ရွယ် ချက်ကောင်းများဖြင့်