မြောက်ဦး မေ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ပူပြင်းသောနွေရာသီကာလတွင် ရေတွင်း၊ ရေကန်များခန်းခြောက်ကာ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့် ယမန်နေ့ နေ့လည် ၁ နာရီကအချိန်က ရေအခက်အခဲကြုံတွေ့နေရသော မောင်သာကုန်းကျေးရွာသို့မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များသွားရောက်ကာ သောက်သုံးရေများကို ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။
ထိုသို့ ဖြန့်ဝေဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဝင်းဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေများအခက်အခဲကြုံတွေ့နေရသည့် မြောက်ဦးမြို့နယ်၊ မောင်သာ ကုန်းကျေးရွာ သောက်သုံးရေ ၁၆၀၀ ဂါလံကို စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)