ဒေးဒရဲ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်နှင့် ရာသီဥတုကောင်းမွန်မျှတစေရေး ရည်ရွယ်၍ ဒေသတွင်းစိုက်ပျိုးရန် ပျိုးပင်ပေါင်း(၂၃၅၀၀)ကို သစ်တောဦးစီးဌာနက ပျိုးထောင်ထားရှိပြီး ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် ကျောင်းများ၊ သာသနာ့နယ်မြေများတွင် စိုက်ပျိုးရန် ဒေသနှင့်ကိုက်ညီသော ပျိုးပင်များကို အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရေးအတွက် ပြည်သူများ၏ အိမ်ခြံဝန်း၊ ဌာနဆိုင်ရာရုံးဝန်းများ၊ သာသနာရေးဆိုင်ရာ နယ်မြေများတွင် စိုက်ပျိုးရန် မန်ဂျန်ရှားပျိုးပင် (၁၈၅၀၀)၊ မဟော်ဂနီပျိုးပင် (၂၀၀၀)၊ ကျွန်းပျိုးပင် (၂၀၀၀)နှင့် မာလာလူးကားပျိုးပင် ( ၁၀၀၀) စုစုပေါင်း (၂၃၅၀၀)ပျိုးထောင်ထားရှိပြီး ပြည်သူများသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း