သတင်းများ

တောင်တွင်းကြီး၌ ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 19,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူဦးကြီးများအား ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့မှစတင်၍  စနစ်တကျထုတ်ချေးပေးခဲ့‌ကြောင်းသိရသည်။
ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူ
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာကျောင်းရှေ့၌ ကျင်းပသည်။
မြင်းခြံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ
May 19,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရွာစည်ကျေးရွာအနီးရှိ မြင်းခြံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နေ့လယ် (၁) နာရီအချိန်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြလုပ်ခဲ့ကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနား ကျင်းပပြုလုပ်
May 19,2022
မန္တလေးတိုင်းဒေသကြီး ၊ မိုးကုတ်မြို့နယ်တွင် မေလ ၁၉ရက်နေ့ နံနက်၈နာရီအချိန်က မြို့မရပ်ကွက်၊ အောင်နန်းရပ်၊ အထက -၁ ကျောင်းရှေ့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနား ပြုလုပ်
ငပုတောမြို့နယ်တွင် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးဆောင်ရွက်
May 19,2022
ငပုတောမြို့နယ် တွင်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက မေ ၁၉ ရက်နေ့က ရေကျော်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ တောင်သူဦးကြီးများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများစတင် ထုတ်ချေးပေး
May 19,2022
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ  တောင်သူဦးကြီးများအား  မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့၊ နေ့လည်(၁၂)နာရီမှစ၍ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိသည်။
ပညာရေးဝန်ထမ်းများအား (မြို့နယ်အဆင့်) စီမံခန့်ခွဲမှုစွမ်းဆောင်ရည် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
May 19,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ပညာရေးဝန်ထမ်းများအား (မြို့နယ်ဆင့်) စီမံခန့်ခွဲမှု စွမ်းဆောင်ရည်အလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းကို မေလ ၁၉ ရက်နေ့ နံနက် (၉)နာရီက ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်က အဖွင့်အမှာ စကားပြောကြားပြီး ဒုတိယ မြို့နယ်ပညာရေးမှူး ဦးမျိုးသိုက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားသည်။
ထားဝယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး ဆိုင်ရာမြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ
May 19,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးအရှေ့ဘက်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။