မိတ္ထီလာ မေ ၁၇
မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Myanmar Fitness Dance (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
ကျောင်းသူကျောင်းသားတွေအနေနဲ့ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွေကို အကျိုးရှိရှိအသုံးချနိုင်စေရန်၊ ကျန်းမာရေးအတွက် အားကစားနည်းတစ်ခုခုကို လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့် ကောင်းများရှိစေရန်၊ ကျန်းမာကြံ့ခိုင်တဲ့ မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီသင်တန်းကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနဲ့ ပူးပေါင်းဖွင့်လှစ်ပို့ချပေးပါတာပါ။ ခရိုင် အား/ကာသင်တန်းနည်းပြက စနစ်တကျသင်ကြားပို့ချပေးတာဖြစ်ပြီး သင်တန်းသူသင်တန်းသားတွေကလည်း စိတ်ဝင်တစား လိုက်ပါလေ့ကျင့် သင်ယူနေပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦမျိုးမင်းဇော်က ပြောသည်။
အဆိုပါ Myanmar Fitness Dance ( အခမဲ့)သင်တန်းကို မေလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ်ပို့ ချမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသူသင်တန်း ၁၆ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်းသိရသည်။
ချမ်းသာ