ဖျာပုံ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါရုံး Community Centre ခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ပန်းချီပညာရှင် ဦးပြည့်စုံအောင်က အခြေခံပန်းချီရေးဆွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပန်းချီပညာရှင် ဦးပြည့်စုံအောင်က အခြေခံပန်းချီရေးဆွဲခြင်းအား လက်တွေ့ရေးဆွဲ သင်ကြားပေးခဲ့ပြီး၊ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၁၆)ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ (၁၇-၅-၂၀၂၂)ရက်နေ့မှ (၂၁-၅-၂၀၂၂)ရက်နေ့ထိ အခမဲ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)