ဘားအံ မေ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်များအနေဖြင့် ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ လူငယ်ဘဝပညာသင်အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နှင့် ကိုက်ညီသည့် ရည်မှန်းချက်များ ရှိရမှာဖြစ်ကြောင်း၊ အဲဒီရည်မှန်းချက်ကိုလည်း ဆန္ဒာအဓိပတိထားပြီး ကြိုးစားရမှာဖြစ်ကြောင်း၊ စာတတ်ဖို့သာမက၊ ပညာတတ်ဖို့ပါ ကြုးစားကြစေလိုကြောင်း၊ လူငယ်နှင့်တာဝန်သိစိတ်၊ လူငယ်နှင့်စာရိတ္တကောင်းမွန်ရေးအကြောင်း၊ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်အပြင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ရာ နွေရာသီ အင်္ဂလိပ်စာအခြေခံ Grammer သင်တန်းတက်ရောက်နေသည့် ကျောင်းသား/သူများက သိရှိ လိုသည်များအား ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် နွေရာသီအခြေခံပန်းချီသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ ရှေးဦးသူနာပြုစုနည်းသင်တန်း၊ နွေရာသီအင်္ဂလိပ်စာအခြေခံ Grammer သင်တန်း၊ ကိုယ်ကာယကြံ့ခိုင်ရေး သင်တန်းများကိုလည်း ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)